Internship ကို On-Campus Job အနေနဲ့ လုပ်ချင်တယ်ဆိုရင် (CUNY Edition)
New York City မှာ F1 International Student တစ်ယောက်အနေနဲ့ အကယ်လို့ သင်ဟာ
✅ Freshman မှာကတည်းက Internship Experience လိုမျိုးလေး လိုချင်တယ်။
✅ Off-Campus မှာ သွားပြီး အလုပ်လုပ်ရမှာဖြစ်ပြီး On-campus job အနေနဲ့ အကျုံးဝင်တဲ့ အလုပ်မျိုး ကို လိုချင်တယ်ဆိုရင်တော့ ဒီ blog က သင့်အတွက်ဖြစ်မှာပါ။
CUNY (The City University of New York) ကနေပြီးတော့ ကျောင်းသားတွေကို တကယ့်လုပ်ငန်းခွင်ထဲမဝင်ခင် အဆင်သင့်ဖြစ်အောင်၊ New York City မှာ ရှိတဲ့ company အကြီးအငယ်တွေ၊ cultural institution တွေနဲ့ partnership လုပ်ပြီး part-time internship အခွင့်အလမ်းတွေကို အောက်ပါအတိုင်း ဖန်တီးပေးထားပါတယ်။
💼 Fall Semester အတွင်းလုပ်နိုင်သော Internship
CUNY Cultural Corps
💼 Spring Semester အတွင်းလုပ်နိုင်သော Internship
CUNY Spring Forward
CUNY Career Launch
💼 Summer အတွင်းလုပ်နိုင်သော Internship
CUNY Reading Corps
CUNY x MTA Internship
❇️ ဒီ program တွေရဲ့ ဖွဲ့စည်းထားပုံကို International Student Office တွေက On-Campus Job အနေနဲ့ပဲ သတ်မှတ်ထားတာဖြစ်ပါတယ်။ Internship ဆိုတဲ့ ခေါင်းစဉ်တွေကြောင့် International student တွေ တော်တော်များများ ဒီလိုအခွင့်အလမ်း ရှိတာမျိုးကို သတိမထားမိကြပါဘူး။ မိမိ ရရှိမယ့် အလုပ်အကိုင် အခွင့်အလမ်းကို ရယူနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ ❇️
CUNY Cultural Corps
ဒီ program က New York City မှာ ရှိတဲ့ အနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ non-profit အဖွဲ့အစည်းတွေ၊ တိရစ္ဆာန်ရုံတွေ၊ ပန်းခြံတွေ နဲ့ လက်တွဲပြီး အောက်မှာဖော်ပြထားတဲ့ department နဲ့ ဆိုင်တဲ့ internship position တွေ ခေါ်တာဖြစ်ပါတယ်။
Duration: Fall semester အတွက် 210 hours (အပြောင်းအလဲ ရှိနိုင်ပါတယ်)
Pay Rate: 20$/hr
Departments
💬 Communications and Marketing
📔 Education & Public Programs
🙌🏻 Development & Fundraising
🖼️ Curatorial & Exhibitions
💻 Production Management
CUNY Spring Forward
ဒီ program က New York City မှာ ရှိတဲ့ company တွေ organization တွေကနေ အောက်မှာဖော်ပြထားတဲ့ နယ်ပယ်နဲ့ ဆိုင်တဲ့ internship position တွေ ခေါ်တာဖြစ်ပါတယ်။
Duration: ဖေဖော်ဝါရီလကနေ ဧပြီလအထိ
Pay Rate: 20$/hr
Working Hours: 15hours per week
Industries
💬 Marketing and communications
🏥 Healthcare
🙌🏻 Community services, non-profit, or social services
🚀 Science, technology or engineering
CUNY Career Launch
ဒီ program က New York City မှာ ရှိတဲ့ company တွေ organization တွေကနေ အောက်မှာဖော်ပြထားတဲ့ နယ်ပယ်နဲ့ ဆိုင်တဲ့ internship position တွေ ခေါ်တာဖြစ်ပါတယ်။
Duration: ဇူလိုင်လမှ ဩဂုတ်လအတွင်း
Pay Rate: 20$/hr
Working Hours: 19 hours per week
Industries
💬 Marketing, communications, or public relations
🏥 Healthcare
📔 Education
🤝 Neighborhood Mobilization
🙌🏻 Community services, non-profit, or social services
🚀 Science, technology, engineering or environmental preservation
CUNY Reading Corps
ဒီ program က ပညာရေးကို စိတ်ဝင်စားတဲ့အနေနဲ့ summer မှာ နယူးရောက်အစိုးရကျောင်းမှာ ရှိတဲ့ သူငယ်တန်း၊ ၁ တန်း၊ ၂တန်းကလေးတွေကို reading skill tutor လုပ်ပေးရမှာဖြစ်ပါတယ်။ချက်ချင်းတန်းလုပ်ရတာမျိုးမဟုတ်ပဲ training ဆင်းပြီးမှ လုပ်ရမျိုးဖြစ်ပါတယ်။
Duration: over 7 weeks in Summer
Pay Rate: 20$/hr
Working Hours: 19hours per week
CUNY x MTA Internship Program
ဒီ programက Fall ရော Summer မှာ တောက်လျှောက်ခေါ်နေတဲ့ program ဖြစ်ပါတယ်။
နယူးယောက် မြေအောက်ရထား (MTA) နဲ့ CUNY နဲ့ လက်တွဲပြီး လုပ်ထားတဲ့ program ဖြစ်ပါတယ်။
Duration: June to August
Pay Rate: 21$/hr
Working Hours: 19 hours/per week (Undergraduate), 34 hours/per week (Graduate)
💻 Technology
🚀 Engineering/Architecture
💼 Business
🚊 Urban Planning
⚖️ Law
နောက်ဆုံးအကြံပေးချက်များ
စာရေးသူတို့အနေနဲ့ မိမိတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ သိရှိရသည်များကို နောက်လာမည့် မိတ်ဆွေများအတွက် မျှဝေပေးခြင်းသာဖြစ်ပါတယ်။ အပေါ်မှာပြောပြထားတဲ့ Internship Opportunity တွေအကြောင်းကို ပိုပြီးစိတ်ချသေချာရအောင် ကိုယ်တက်နေတဲ့ CUNY ကျောင်းရဲ့ International Student Office တွေမှာ သွားရောက်မေးမြန်းဖို့ တိုက်တွန်းလိုက်ရပါတယ်။ နောက်ထပ် blog တွေမှာ CUNY Cultural Corps Program အကြောင်းကို စောင့်မျှော်ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။