အမေရိကန် သံရုံး (ရန်ကုန်) မှာ Visa Interview အတွက် Appointment ဘယ်လိုယူမလဲ? 🗓️
ကျွန်တော်တို့ burmesenyc.com ကို ဖတ်ရှုသူများကို ဒီတစ်ခါမျှဝေပေးချင်တာကတော့ ရန်ကုန်ရှိ အမေရိကန်သံရုံးမှာ Non-immagrant Visa Interview အတွက် ဘယ်လို အချိန်ယူရမလဲဆိုတာပဲ ဖြစ်ပါတယ်။
၂၀၂၄ ဇူလိုင်လ (၈) ရက်နေ့ တနင်္လာနေ့မှ စတင်၍ NIV Appointment System ကနေ ရက်ချိန်းတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာသိထားရမှာက အခု ဇူလိုင်လမှာ ဖွင့်ပေးတဲ့ ရက်ချိန်းများသည် ဩဂုတ်လနှင့် စက်တင်ဘာလ အတွက် ဖြစ်ပါတယ်။
Appointment ရက်ချိန်းယူဖို့ ပြင်ပမှာ service ပေးနေသော လူများလည်း ရှိသလို ထင်သလောက် အရမ်းကြီး မခက်ခဲတဲ့အတွက် စာဖတ်သူကိုယ်တိုင် ရယူနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်။
ပထမဦးဆုံးအနေနဲ့ ရက်ချိန်းယူချင်တဲ့ စာဖတ်သူက Student Visa အတွက်ဆိုရင် အမေရိကန်ရှိ ကျောင်းကနေလက်ခံထားပြီးသားဖြစ်ရမှာ ဖြစ်ပြီး I-20 နဲ့ DS-160 form ကို အဆင်သင့် ရရှိထားဖို့ လိုပါတယ်။
ကျောင်းတော့ လျှောက်ထားတယ်၊ ကျောင်းကနေ လက်မခံသေးဘူး၊ I-20 စောင့်နေရတယ်ဆိုရင် ကျောင်းကိုထပ်မံ တိုက်တွန်းကြည့်ဖို့ အကြံပြုပါတယ်။
DS-160 Form လည်း ဖြည့်ပြီး Appointment ရက်ချိန်းယူဖို့ အဆင်သင့်ပဲ ဆိုရင် စလိုက်ရအောင်။
Step - 1
Appointment ရယူရန် ဒီ https://evisaforms.state.gov/Instructions/SchedulingSystem.asp ကနေ သံရုံး website ကို သွားလိုက်ပါ။ အဲ့မှာ Embassy Country နေရာမှာ Burma ရယ်၊ Embassy နေရာမှာ Rangoon ဆိုတာကို ရွေးပြီး Submit နှိပ်ပါ။
Step - 2
စာဖတ်သူက ပထမဆုံး appointment ယူမယ့်လူဆိုရင် To schedule an appointment ဆိုတဲ့ နေရာက စာလုံးတွေကို မှန်အောင်ရိုက်ပြီး Schedule Appointment ကို နှိပ်ပါ။
စာဖတ်သူက ရရှိပြီးသား appointment ရက်ချိန်းကို ပြင်ချင်တာ၊ cancel ချင်တာဆိုရင် အောက်ကစာလုံးကို ရိုက်ပြီး Change/ Cancel Appointment ကို နှိပ်ပါ။
Step - 4
ဒီတစ်ခုမှာ DS-160 က confirmation Code ကို ရိုက်ထည့်ပြီး submit ကို နှိပ်ပါ။
Step - 5
နေ့ရက်တွေနဲ့ လတွေပေါ်လာပါလိမ့်မယ်။ ဩဂုတ်လနှင့် စက်တင်ဘာလကို အရင်ပြောင်းပါ။
ရက်ချိန်းပြည့်နေတဲ့ ရက်တွေအတွက် ခရမ်းရောင်နဲ့ ပြမှာ ဖြစ်ပြီး ရက်ချိန်းရနိုင်သေးတဲ့ ရက်တွေမှာ အပြာရောင်နဲ့ မြင်ရမှာ ဖြစ်ပါတယ်။ မိမိလိုချင်တဲ့ ရက်ကို နှိပ်လိုက်ပါ။
Step - 6
နောက်ထပ် စာမျက်နှာအသစ်တစ်ခုမှာ Appointment ရက်ချိန်းရနိုင်မယ့် အချိန်ကို ရွေးခိုင်းပါလိမ့်မယ်။
အောက်နားမှာ မိမိရဲ့ နာမည်၊ Passport နံပါတ်၊ Email၊ ဖုန်းနံပါတ် အစရှိတဲ့ အချက်အလက်တွေကို မှန်အောင်ဖြည့်လိုက်ပါ။
Confirm ဖြစ်တယ်၊ ရက်ချိန်းရတယ်ဆိုရင် နောက်ထပ်စာမျက်နှာတစ်ခုနဲ့ Appointment Confirmation ဆိုတဲ့စာနဲ့ အရင်က ဖြည့်ခဲ့မိမိရဲ့ information တွေနဲ့၊ ရက်ချိန်းရတဲ့ ရက်၊ နာရီတွေပါတဲ့ စာမျက်နှာလေးမြင်ရပါလိမ့်မယ်။
နောက်ဆုံး appointment confirmation စာမျက်နှာလေးကို Screenshot ရိုက်တာဖြစ်ဖြစ်လုပ်ထားပြီး သိမ်းထားလိုက်ပါ။
အဆင်မပြေဘူးဆိုရင် အစကနေ မြန်မြန်ပြန်စကြည့်ပြီး ထပ်လုပ်ကြည့်ပါ။ အားလုံးပဲ အဆင်ပြေကြပါစေ။ နယူးယောက်မြို့ကို လာမယ်ဆိုရင် နွေးထွေးစွာကြိုဆိုပါတယ်ဆိုတဲ့အကြောင်းပြောရင်း အဆုံးသတ်လိုက်ပါတယ်။