ဇူလိုင် (၄) ရက် မီးရှူးမီးပန်းပွဲကို ဘယ်နေရာတွေမှာ ကြည့်မလဲ?

လွတ်လပ်ရေးနေ့ကို မီးရှူးမီးပန်းတွေထက်ပိုကောင်းစွာ ဖော်ပြနိုင်တာ မရှိပါဘူး။ နယူးယောက်မြို့မှာတော့ နေရာပေါင်းများစွာမှာ အနီ၊ အဖြူ၊ အပြာ အလင်းရောင်တွေနဲ့ မီးရှူးမီးပန်းတွေကိုကြည့်ရှုနိုင်ပါတယ်။

ဒီနှစ်အတွက် သတင်းကောင်းကတော့ ၁၉၇၆ ခုနှစ်ကစတင်ခဲ့တဲ့ Macy's ရဲ့နှစ်စဉ်ပြသပွဲဟာ မက်ဟက်တန်မြို့နယ် (Manhattan) အနောက်ဘက် Hudson River မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပထမဆုံးပြန်လည်ပြသမှာပဲ ဖြစ်ပါတယ်။ ဒီပွဲကိုနိုင်ငံရဲ့အကြီးဆုံး မီးရှူးမီးပန်းပြပွဲအဖြစ်လည်း ဆိုကြပြီး ထို့အပြင် Coney Island နဲ့ Staten Island မှာလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

နယူးယောက်မြို့တစ်ဝှမ်းလုံးမှာ လွတ်လပ်ရေးနေ့ မီးရှူးမီးပန်းတွေကို လှလှပပ ကြည့်ရှုနိုင်ဖို့ လမ်းညွှန်ချက်တွေကို အောက်မှာဖော်ပြထားပါတယ်။ ဘယ်ပွဲကိုမဆို၊ ဘယ်နေရာမှာမဆို ကြည့်မယ်ဆိုရင်တော့ ပြပွဲရက်ချိန်ကိုစစ်ဆေးပြီး အချိန်မီသွားကြည့်ဖို့လိုအပ်ကြောင်း အသိပေးအပ်ပါတယ်။


Macy’s Fourth of July Fireworks (Macy's လွတ်လပ်ရေးနေ့ မီးရှူးမီးပန်းပြပွဲ)

Unsplash Image
Photo by Wiebke Meyer-Lüters on Unsplash

Macy's က နှစ်စဥ်လွတ်လပ်ရေးနေ့တွင် အကြီးဆုံး မီးရှူးမီးပန်းပြပွဲ ပြုလုပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ နှစ်စဉ်ကဲ့သို့ အကြီးမားဆုံးဖြစ်သော ပြပွဲကို Hudson River မှာ ပြုလုပ်ပြသမှာဖြစ်ပြီး၊ West ၁၄ လမ်းကနေ ၃၇ လမ်းအထိ မီးရှူးမီးပန်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

စာဖတ်သူအနေနဲ့ လူကိုယ်တိုင် သွားရောက်ကြည့်ရှုမယ်ဆိုရင် West ၁၄ လမ်းနဲ့ ၃၇ လမ်းကြားမှာရှိတဲ့ Hudson River Park, Chelsea Waterside Park နဲ့ Pier 62 at Chelsea Piers အစရှိတဲ့ နေရာတွေကနေ ကြည့်ဖို့ အကြံပြုလိုပါတယ်။

တချို့သော Pier များ၊ public ဝင်လို့ရတဲ့ နေရာများမှာ ဝင်ခွင့်လက်မှတ်ရှိထားမှသာ ဝင်လို့ ရကောင်းရနိုင်မှာ ဖြစ်ပါတယ်။ မသွားခင်ကြိုတင်ပြီး ရှာဖွေထားဖို့ တိုက်တွန်းချင်ပါတယ်။

နယူးဂျာစီဘက်မှလည်း လှပတဲ့ မြင်ကွင်းများကို ကြည့်ရှူနိုင်မယ်လို့ ဆိုပါတယ်။ မီးရှူးမီးပန်းပြပွဲကို ည (၉:၂၅) မိနစ်မှာ စတင်မှာ ဖြစ်ပြီး ညနေ (၆) နာရီမှ စတင်ကာ ကြည့်ဖို့ နေရာကြိုဦးထားဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ဆုံးရသတင်းများအတွက် macys.com ကို ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။

 

Fourth of July in Coney Island (Coney Island ရှိ လွတ်လပ်ရေးနေ့)

Unsplash Image
Photo by Marcell Viragh on Unsplash

Brooklyn ရှိ ဒီပွဲကတော့ မြို့အနက် ပျော်စရာကောင်းဆုံးနေရာတစ်ခုဖြစ်မှာပါ။ မီးရှူးမီးပန်းတွေက အဓိကပွဲဖြစ်နိုင်ပေမယ့်၊ တနေ့လုံးကျင်းပမှာ ဖြစ်တဲ့အတွက် တနေကုန် သွားရောက် ပျော်ပါးနိုင်မှာ ဖြစ်ပါတယ်။ ကမ်းခြေမှာနားပြီး Luna Park ရဲ့ကစားစရာတွေကိုစီးရင်း၊ Nathan's Famous Fourth of July Hot Dog Eating Contest ကဲ့သို့ အထူးပွဲများကိုကြည့်ရှုနိုင်ပါတယ်။ နောက်ပြီးတော့ July 1 မှ July 3 အထိ Cyclones ဘေ့စ်ဘောပွဲကိုလည်း တက်ရောက်နိုင်ပါတယ်။ ပြီးတော့ Coney Island ရဲ့ကမ်းခြေမှာ ၂.၅ မိုင်ရှည်တဲ့ Boardwalk မှာနေရာယူပြီး၊ ၉ နာရီမှာစတင်မယ့် မီးရှူးမီးပန်းတွေကိုကြည့်ရှုနိုင်ပါတယ်။

 

Independence Day in Staten Island (Staten Island ရှိ လွတ်လပ်ရေးနေ့  အခမ်းအနား)

Unsplash Image
Photo by MD Duran on Unsplash

Staten Island ရှိ Historic Richmond Town မှာလည်း အထူးအစီအစဉ်နဲ့ ပြပွဲ ရှိပါတယ်။ ၁၉ ရာစုမီးရှူးမီးပန်းတွေကို ပြသပြီး သိပ္ပံနည်းနဲ့ဖော်ပြမယ့် မော်ကွန်းတွေကိုလည်းကြည့်ရှုနိုင်ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ ၁၂ နာရီ Travis ရပ်ကွက် Independence Park မှာ parade ကိုပြုလုပ်မှာဖြစ်ပြီး၊ Empire Outlets ကတော့ St. George Ferry Terminal အနားမှာ မုန့်ဆိုင်များ၊ ဂီတဖျော်ဖြေပွဲများနဲ့ party ပွဲကို ၃ နာရီမှ ၁၀ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။ မီးရှူးမီးပန်းတွေကို ၉ နာရီမှာပြသမှာဖြစ်ပါတယ်။

 

စာဖတ်သူ မိတ်ဆွေအပေါင်း ရုံးပိတ်ရက်၊ အားလပ်ရက်မှာ ကျန်းမာပျော်ရွှင်ပြီး မီးရှူးမီးပန်းများကြည့်ရှုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Endnote Tunes

📼

Endnote Tunes 📼

Previous
Previous

Internship ကို On-Campus Job အနေနဲ့ လုပ်ချင်တယ်ဆိုရင် (CUNY Edition)

Next
Next

နယူးယောက်မြို့ကို မပြောင်းရွှေ့ခင် သိထားသင့်သောအချက်အလက်များ (ဒုတိယပိုင်း) 🗽