နယူးယောက်မြို့ကို မပြောင်းရွှေ့ခင် သိထားသင့်သောအချက်အလက်များ (တတိယပိုင်း) 🗽

နယူးယောက်မြို့ကို ပြောင်းရွှေ့လာဖို့ စီစဉ်နေသူများအတွက် သိထားသင့်သော အချက်အလက်များ (တတိယပိုင်း) ကို ဆက်လက်မျှဝေပေးပါ့မယ်။

ပထမအပိုင်း ဖတ်ရန် 👉ဒီမှာ👈

ဒုတိယအပိုင်း ဖတ်ရန် 👉ဒီမှာ👈နှိပ်ပါ။


7. Connecting with Community (လူမှု အသိုင်းအဝိုင်းနှင့် ဆက်သွယ်မှု)

Unsplash Image
Photo by Ben Duchac on Unsplash

နယူးယောက်မြို့မှာ မိတ်ဆွေ၊ သူငယ်ချင်း မြန်မာလူမျိုးများနဲ့ အဆက်အသွယ်ရှိခြင်းက စရောက်လာမည့် စာဖတ်သူရဲ့အထီးကျန်ခံစားရမှုကို သက်သာစေမှာပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုးများတွေရှိတဲ့ လူမှုကွန်ယက်များနဲ့ ဆက်သွယ်ပြီးအကူအညီရယူခြင်း၊ သူငယ်ချင်းအသစ်တွေ ရှာဖွေခြင်းတွေက အကူအညီဖြစ်စေပါလိမ့်မယ်။

စာဖတ်သူအနေနဲ့ စရောက်ခါစမှာ မြန်မာလူမျိုးတွေအနေများတဲ့ Elmhurst , Woodside, Jackson Heights(Queens), Sunset Park (Brooklyn) တို့မှာ နေထိုင်ဖို့ အကြံပေးလိုပါတယ်။

New York Burmese Community တို့ကဲ့သို့သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး မြန်မာများဦးဆောင်၍လုပ်လေ့ရှိသည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများသို့ အချိန်ရရင် သွားရောက်ကြည့်ဖို့ ပြောလိုပါသည်။ 

မြန်မာလူမျိုးများနှင့် ဆက်သွယ်ရန် အောက်ဖော်ပြပါ လူမှုကွန်ယက်ကို လေ့လာနိုင်ပါသည်။

 

8. Understanding Cultural Differences (ယဉ်ကျေးမှု ကွာခြားချက်များ နားလည်ခြင်း)

Unsplash Image
Photo by Nelson Ndongala on Unsplash

နယူးယောက်မြို့မှာ လူမျိုးများစွာရှိတဲ့ အတွက် ယဉ်ကျေးမှုကွာခြားချက်များကို နားလည်ထားခြင်းက စရောက်ခါစ စာဖတ်သူ၏ဘဝကို ပိုမိုအဆင်ပြေစေပါတယ်။

အမေရိကန်နိုင်ငံ နဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုများ၊ အယူအဆများ၊ ခံယူချက်များက ကွာခြားချက်များစွာရှိပါတယ်။ ကျောင်းပဲတက်တက်၊ အလုပ်ပဲလုပ်လုပ် လူမျိုးပေါင်းစုံနဲတွေ့ရမှာဖြစ်တဲ့ အတွက် စရောက်တဲ့အချိန် လပိုင်းတွေမှာ အသားကျအောင်ကြိုးစားရပါတယ်။

အင်္ဂလိပ်စာ အခြေခံကို နားလည်ထားခြင်းက အရေးကြီးပြီး စရောက်လာတဲ့အချိန်မှာ အိမ်နီးချင်းများ၊ လူသစ်များနှင့်ဆက်သွယ်ပြုလုပ်နိုင်ပါက များစွာအကျိုးကျေးဇူးရှိပါတယ်။

အမေရိကန် ယဉ်ကျေးမှုစံနှုန်းများ၊ ဥပဒေများနှင့် စည်းကမ်းများကို လေ့လာထားဖို့ အကြံပေးလိုပါတယ်။

ယဉ်ကျေးမှုကွာခြားချက်များကို နားလည်ရန် အောက်ဖော်ပြပါ website များကို လေ့လာနိုင်ပါတယ်:

 

9. Preparing for Different Seasons (ရာသီဥတုအမျိုးမျိုးအတွက် ပြင်ဆင်ခြင်း)

Unsplash Image
Photo by Daniel Lee on Unsplash

“အပြောင်းအလဲမြန်တာ မင်း ဆိုလို့ နယူးယောက်ရာသီဥတုကို ပြောပြခဲ့ရသေးတယ်” ဆိုတဲ့အတိုင်း နယူးယောက်ရာသီဥတုအပြောင်းအလဲမြန်တဲ့အတွက် မိမိ၏ အဝတ်အစားများကို တတ်နိုင်သမျှ ရာသီဥတုနှင့် ကိုက်ညီအောင် ပြင်ဆင်ထားရန် လိုအပ်ပါတယ်။

ရာသီဥတုအမျိုးမျိုးအတွက် အဝတ်အစားများပြင်ဆင်ရာတွင်

ဆောင်းရာသီ: ရေခဲငွေ့များနှင့် အေးချမ်းသော အချိန်အတွက် မိုးကာအင်္ကျီများ၊ ရှပ်အင်္ကျီများ၊ ဆောင်းအထည်များ။

နွေရာသီ: နွေဦးအတွက် ပေါ့ပါးသော အဝတ်အစားများ၊ မိုးကာအင်္ကျီများ။

မိုးရာသီ: မိုးကာအထည်များနှင့် မိုးထီးများ လိုအပ်နိုင်ပါတယ်။ မြန်မာနိုင်ငံကနေ အများကြီးသယ်လာစရာမလိုဘဲ ဒီရောက်မှ မိမိကြိုက်နှစ်သက်ရာ လွယ်ကူပေါများစွာ ဝယ်လို့လည်းရပါတယ်။

နယူးယောက်မြို့တွင် ရာသီဥတုအမျိုးမျိုးကို နားလည်ရန် အောက်ဖော်ပြပါ website များကို လေ့လာနိုင်ပါတယ်:

နောက်ဆုံးအကြံပေးချက်များ

စာရေးသူတို့အနေနဲ့ မိမိတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ သိရှိရသည်များကို နောက်လာမည့် မိတ်ဆွေများအတွက် မျှဝေပေးခြင်းသာဖြစ်ပါတယ်။ အခြားသော နောက်ထပ် အကြောင်းအရာ၊ သတင်းအချက်များအတွက် burmesenyc.com ကို ဆက်လက် ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Endnote Tunes

📼

Endnote Tunes 📼

Previous
Previous

အမေရိကန်ကျောင်းသားဗီဇာ အင်တာဗျူးမဖြေခင် ဘာတွေပြင်ဆင်ထားရမလဲ ?

Next
Next

အမေရိကန် သံရုံး (ရန်ကုန်) မှာ Visa Interview အတွက် Appointment ဘယ်လိုယူမလဲ? 🗓️