နယူးယောက်မြို့ကို မပြောင်းရွှေ့ခင် သိထားသင့်သောအချက်အလက်များ (ဒုတိယပိုင်း) 🗽
မင်္ဂလာပါ။ burmesenyc.com ကို ပြန်လည်လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ 🤝
နယူးယောက်မြို့ကို ပြောင်းရွှေ့လာဖို့ စီစဉ်နေသူများအတွက် သိထားသင့်သော အချက်အလက်များ (ဒုတိယပိုင်း) ကို ဆက်လက်မျှဝေ ပေးပါ့မယ်။
ပထမအပိုင်းမှာ မိမိနေထိုင်တည်းခိုမည့်နေရာ ဘယ်လိုရှာမလဲ၊ နယူးယောက်မြို့မှာ ဘယ်လိုသွားလာမလဲ၊ အလုပ် ဘယ်လိုရှာမလဲ စတဲ့ အကြောင်းအရာတွေကို ပြောပြပေးထားပါတယ်။ ပထမအပိုင်း ဖတ်ရန် 👉ဒီမှာ👈 နှိပ်ပါ။
အခု ဒုတိယအပိုင်းမှာတော့
4. Managing Your Finances (ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း)
5. Health and Insurance (ကျန်းမာရေး အာမခံ)
6. Education System (ပညာရေးစနစ်) တွေကို ပြောပြပေးထားပါတယ်။
4. Managing Your Finances (ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း)
ဒုတိယပိုင်း အစမှာ အဓိကပြောပြပေးချင်တာကတော့ စရောက်လာမယ့် စာဖတ်သူတို့အနေနဲ့ ဘဏ်အကောင့် (Bank Account) ဘယ်လိုဖွင့်ရမယ်၊ နယူးယောက်မြို့မှာ နေရင် ကုန်ကျနိုင်မယ့် စားရိတ်တွေကို အကြမ်းဖျင်းပြောပြပေးချင်ပါတယ်။ အသေးစိတ်ကို နောက်ထပ် blog တစ်ခုမှာ ထပ်မံ ဖော်ပြပေးသွားပါမယ်။
အရင်ဆုံးစရောက်လာမယ့် မိတ်ဆွေအနေနဲ့ ဘဏ်အကောင့် အရင်ဆုံးဖွင့်ဖို့ လိုပါမယ်။ Visit Visa နဲ့ပဲဖြစ်ဖြစ်၊ Student Visa နဲ့ပဲ ဖြစ်ဖြစ် ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။ ဘဏ်အကောင့်ဟာ စရောက်စမည့်လူ အရင်ဆုံးလုပ်ထားသင့်သည့် အရာလည်းဖြစ်ပါတယ်။ အကောင့်ဖွင့်ဖို့ လိုအပ်မည့် စာရွက်စာတမ်းများသည် မိမိဖွင့်လိုသည့် ဘဏ်ပေါ်မူတည်၍ မတူနိုင်ပါ။
အောက်မှာ နယူးယောက်မြို့မှာ နေဖို့ကုန်ကျနိုင်မယ့် စားရိတ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အိမ်ငှါးခမှာ ရပ်ကွက်ပေါ်မူတည်ပြီး အိမ်ငှါးခ ကွာခြားတတ်ပါတယ်။ တစ်ခန်းငှါးရမ်းခက $၇၀၀ - $၂၀၀၀ ကြား ရှိတတ်ပါတယ်။
စားသောက်စရိတ်အတွက် နေ့စဉ်စားသောက်စရိတ်ဟာ တစ်နေ့လျှင် $၁၀-$၂၀ ရှိနိုင်ပါတယ်။ မိမိ အချိန်ပေးပြီး ချက်ပြုတ်စားသောက်မယ်ဆိုရင် ဒီအောက်လျော့ပြီး ကုန်ကျနိုင်ပါတယ်။
သယ်ယူပို့ဆောင်စရိတ်အတွက် နေ့စဉ်အများသုံးသယ်ယူပို့ဆောင်စရိတ်ဟာ တစ်လလျှင် $၁၃၂ ၀န်းကျင်ရှိတတ်ပါတယ်။
ဘဏ်အကောင့်ဖွင့်နည်း၊ ငွေလွှဲနည်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ website များတွင်လည်း လေ့လာနိုင်ပါတယ်။ ဘဏ်ကို လူကိုယ်တိုင်သွားချင်တယ်ဆိုရင် ဘဏ်ကို ဖုန်းဆက်၍ဖြစ်စေ၊ website ကနေ ဖြစ်စေ Appointment ကြိုတင်ယူထားဖို့ လိုပါမယ်။
5. Health and Insurance (ကျန်းမာရေး အာမခံ)
ကျန်းမာရေး အာမခံသည် နယူးယောက်မြို့ကို ပြောင်းရွှေ့လာမည့် စာဖတ်သူအတွက် သိထားသင့်သော အရေးကြီးသော အချက်တစ်ခုဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ကျန်းမာရေးစရိတ်များသည် မြန်မာနိုင်ငံနှင့်မတူဘဲ အလွန်ကြီးမားသောကြောင့် ကျန်းမာရေးအာမခံရယူထားခြင်းသည် အလွန်အရေးကြီးပါတယ်။
ဒီနေရာမှာ သိထားသိသည့် အချက်မှာ ဒီက ဆေးခန်းများ၊ ဆေးရုံများသည် ကျန်းမာရေး အာမခံမရှိလျှင် ကုသမပေးပါ။ ဆေးခန်းသွားရင် Health Insurance ကို အရင်ဆုံး တောင်းကြည့်ပါသည်။
ကျန်းမာရေး အာမခံများ (Health Insurance) အနေနဲ့
၁။ ကျောင်းသားဗီဇာနဲ့လာမည့်သူများအတွက် ကျောင်းကပေးသော အာမခံစနစ်ကို အသုံးပြုနိုင်ပါတယ်။
၂။ အလည်အပတ်ဗီဇာနဲ့လာမည့်သူများအတွက် ခရီးသွားအာမခံကို ရယူထားဖို့ အရေးကြီးပါတယ်။
၃။ အရေးပေါ်ဆေးကုသမှု အရေးပေါ်အခြေအနေများအတွက် နယူးယောက်မြို့ရှိ နီးစပ်သော ဆေးရုံနှင့် clinic များကို ကြိုတင်သိရှိထားဖို့ လိုပါတယ်။
မြန်မာလူမျိုးများ ဝန်ဆောင်မှုပေးနေသော အာမခံ service များလည်း ရှိပါတယ်။ ဒီတစ်ခုကို ဆက်သွယ်ကြည့်ဖို့ recommend ပေးချင်ပါတယ်။
အောက်ဖော်ပြပါ website များမှ အာမခံနှင့် ကျန်းမာရေးအချက်အလက်များကို လေ့လာနိုင်ပါတယ်။
6. Education System (ပညာရေးစနစ်)
နယူးယောက်မြို့တွင် ပညာရေးစနစ်သည် မြန်မာနိုင်ငံနှင့် ကွာခြားသည့် အချက်များစွာရှိပါသည်။
စာဖတ်သူက ကျောင်းသားဗီဇာနဲ့လာမည့်သူဆိုရင် ဒီမှာကိုယ်တက်တဲ့ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ် ပညာရေးစနစ်ကို နားလည်ထားခြင်းက အထောက်အကူဖြစ်စေပါသည်။
မိမိက ကောလိပ်တက်သည်ဖြစ်စေ၊ တက္ကသိုလ်တက်သည်ဖြစ်စေ၊ ကလေးငယ်များ ပါလာ၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတက်သည်ဖြစ်စေ အမေရိကန်တွင် အတန်းသင်နည်းများသည် ပညာရေးအဆင့်အတန်းတစ်ခုအပေါ် မူတည်ကာ မတူနိုင်ပါ။ မိမိတက်လိုသည့်ကျောင်းနဲ့ တိုက်ရိုက်ဆက်သွယ်၍ မေးမြန်းဆောင်ရွက်ဖို့ အကြံပေးလိုပါသည်။
မြန်မာလူမျိုးအများစု တက်ရောက်လေ့ရှိသော ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များကို အရင်ဆုံးဦးစားပေးရှာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
စာအုပ်စရိတ်နှင့် သင်တန်းကြေးများ၊ ကျောင်းလခများကို ကြိုတင်စီစဉ်ထားဖို့ လိုအပ်ပါသည်။
အမေရိကန်၏ ပညာရေးစနစ်ကို နားလည်ရန် အောက်ဖော်ပြပါ website များကို လေ့လာနိုင်ပါသည်။
နောက်ဆုံးအကြံပေးချက်များ
စာရေးသူတို့အနေနဲ့ မိမိတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ သိရှိရသည်များကို နောက်လာမည့် မိတ်ဆွေများအတွက် မျှဝေပေးခြင်းသာဖြစ်ပါတယ်။ နယူးယောက်ကို ပြောင်းရွှေ့လာဖို့ စဉ်းစားနေသူများအတွက် ရည်ရွယ်ပြီး နောက်ထပ် အကြောင်းအရာ၊ သတင်းအချက်များအတွက် burmesenyc.com ကို ဆက်လက် ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ တတိယအပိုင်းကိုလည်း စောင့်မျှော်ဖတ်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။